ကောင်းကင်ဘုံရှင်အဖ
သခင်ယေရှု ကျွန်ုပ်တို့အား ဆုတောင်းနည်းသင်ကြားပေးရာတွင် “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့၏အဘ” ဟူ၍ အစပြုထားသည်(လု ၁၁း၂)။ ၎င်းသည် ဘုရားသခင်ကို ဖခင်အဖြစ်ရည်ညွှန်းသည့် ကျမ်းချက်များထဲမှတစ်ခုပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ့သဘောတော်ကို သိစေချင်ရာ၌ ဖခင်၏သဘော သဘာဝအားဖြင့် အလေးပေးဖော်ပြခြင်း ကြောင့် စိတ်ဝင်စားစရာကောင်းသလို မှတ်သားဖွယ်ရာလည်းကောင်းသည်။
ဘုရာသခင်ကို ခမည်းတော်အနေဖြင့် သူ့အကြောင်း ဘာများသိထားသနည်း။ သခင် ယေရှု၏ ပဌနာတော်အရ ကောင်းကင်ဘုံရှိအဖသည် ကျွန်ုပ်တို့ လိုအပ်ချိန်တွင်ရှိနေပြီး၊ ကျွန်ုပ် တို့ကို ဂရုစိုက်ပြီး ကူညီမစနေသည်မှာလည်း ထင်ရှားသည်။ ကျွန်ုပ်တို့အားခွင့်လွတ်ပြီး မကောင်း သော အမှုအရာမှလည်း ကွယ်ကာပေးသည် (း၂-၄)။
ဘုန်းတော်မ၀င်စားသေးသည့် ဖခင်များအတွက် ၎င်းသည် အံ့ဖွယ်စံနမူနာပါ။ ဤ စကြ၀ဠာတွင် စုံလင်သော အဖဘုရားတစ်ဦးတည်းရှိပြီး၊ အားနည်းသောဖခင်များကို ဦးဆောင် လမ်းပြလျက်ရှိသည်။ ကျွန်ုပ်ဓမ္မဆရာဖြစ်စက ကျွန်ုပ်၏ကလေးများသည် ကျွန်ုပ်ရေးသားသော စာအုပ်များ၊ ကျွန်ုပ်ရရှိသည့်…
အံ့ဩဖွယ် ဖန်ဆင်းထားသည်
ကျွန်ုပ်ငယ်စဉ်က “ဘာဖြစ်လို့ ဒီလောက်တုံးရတာလဲ”ဟု အပြောခံရလျှင် ပို၍ အလုပ် ကောင်းကောင်းလုပ်မည်ဟု ယူဆကာ ကျွန်ုပ်နှင့်ရင်းနှီးသူတစ်ဦးက ကျွန်ုပ်ကို ထိုသို့မကြာခဏ ပြောလေ့ရှိသည်။ ထိုကဲ့သို့ အပြောခံရခြင်းက ကျွန်ုပ်ဘ၀၌ လွှမ်းမိုးခဲ့ပုံများ၊ ဆယ်ကျော်သက် အရွယ်ရောက်သော် တစ်နေ့တွင် အနောက်မှ “ငတုံး” ဟုကြားလိုက်ရ၍ ကျွန်ုပ်ကို ပြောသည့် အထင်ဖြင့် အမြန်လှည့်ကြည့်မိတော့သည်။
ထို့နောက် ခရစ်တော်အား သခင်နှင့်ကယ်တင်ရှင်အဖြစ် သိကျွမ်းလာသောအခါ၊ ဘုရား သခင်သည် ကျွန်ုပ်အား သူ၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားပြီး(က ၁း၂၇)၊ ကျွန်ုပ်သည် ငတုံးမဟုတ်ဘဲ “ကြောက်မက်ဖွယ်သော ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံကြောင်း နားလည် လာသည်” (ဆာ ၁၃၉း၁၄)။ ဘုရားသခင်သည် သူဖန်ဆင်းသမျှအားလုံး “အလွန်ကောင်းသည်” (က ၁း ၃၁) ဟု မိန့်တော်မူပြီး ကျွန်ုပ်တို့အား “စေ့စပ်စွာ ပြုပြင်မူကြောင်း” (ဆာ ၁၃၉း၁၅) ဆာလံ…
ပျောက်ဆုံးခြင်းနှင့် ပြန်တွေ့ခြင်း
မကြာသေးမီက ကျွန်ုပ်၏ အကြွေးဝယ်ခွင့် ကဒ်(credit card) ကို ရှာမတွေ့၍ ကျွန်ုပ် အပူတပြင်းပြန်ရှာဖွေရသည်။ ထိုကဒ်ပျောက်ဆုံးခြင်းက အသေးအဖွဲကိစ္စမဟုတ်ပါ။ ၎င်းကို ပြန်မတွေ့မချင်း၊ အသစ်ပြန်မလုပ်မချင်း အော်တိုငွေပေးချေခြင်း၊ နေ့စဉ်ပစ္စည်းဝယ်ခြင်း ကိစ္စများ အဆင်မပြေဖြစ်လိမ့်မည်။ သည့်အပြင် တစ်စုံတစ်ယောက်က ၎င်းကို ကောက်ရပြီး၊ ပစ္စည်းများကို ၀ယ်ယူလျှင် ... မတွေးဝံပြီ။ ကွန်ပြူတာစားပွဲအောက်၌ ကျွန်ုပ်၏ဇနီးက ကဒ်ကို ပြန်တွေ့မှ စိတ်သက်သာရာရတော့သည်။
ရှင်လုကာ ၁၅း၈-၁၀ တွင် သခင်ခရစ်တော်က တစ်နေ့တာ လုပ်အားခနှင့် ညီမျှသော အဖိုးတန်ဒင်္ဂါးပြား ပျောက်ဆုံးခြင်းအကြောင်းကို ပြောထားသည်။ ဒင်္ဂါးပြားပျောက်သွားသော အမျိုးသမီးသည် စိုးရိမ်ပူပန်စွာဖြင့် ဆီမီးထွန်းကာ တစ်အိမ်လုံးကို လှန်လှောလှည်းကျင်းပြီး ဒင်္ဂါးပြားကိုတွေ့သည့်တိုင် သေချာစွာ ရှာဖွေသည်။ ထို့နောက် သူ့သူငယ်ချင်းများအား “ပျောက်သော (ငွေ) ကို ငါတွေ့ပြီ။ ငါနှင့်အတူ ၀မ်းမြောက်ကြလော့” (း၉) ဟုပြောဆို၏။…
ခြင်္သေ့တစ်ဖြစ်လဲ သိုးသူငယ်
ဗျာဒိတ်ကျမ်း အခန်းကြီး ၅ တွင် တမန်တော်ရှင်ယောဟန်သည် ယုဒအမျိုးခြင်္သေ့ သခင် ယေရှု အား (း၅) နှင့် အသေသတ်ပြီးသကဲ့သို့ သိုးသူငယ် (း၆) အဖြစ်သရုပ်ဖော်ထားသည်။ ထို သရုပ်ဖော်ချက်ကို ညွှန်းလျက် တရားဟောဆရာ ချားလ်စ် စပါဂျင်က “ကျွန်ုပ်တို့၏ မြင့်မြတ်သော သခင်သည် ဘုန်းထင်ရှားရာတွင် အဘယ်ကြောင့် ဒဏ်ရာဒဏ်ချက်များကို ခံယူခဲ့ပါသနည်း။” ဟု မေးပြီး၊ “သခင်ယေရှု၏ဒဏ်ချက်များက သူ၏ ဘုန်းအသရေပင်ဖြစ်သည်” ဟု ဖြေလိုက်သည်။
အများအားဖြင့် သိုးသည် တန်းခိုးနှင့် အောင်မြင်မှု သင်္ကေတမဟုတ်ပါ။ လူအများစုက ခွန်းအားအစွမ်းကို ပုံဆောင်သော သင်္ကေတများကို ပို၍နှစ်သက်ကြသည်။ သို့သော် သခင်သည် ဆင်းရဲနွမ်းပါးသော လက်သမားတစ်ဦး၏အိမ်၌ လူ့ဇာတိခံရန် ရွေးချယ်ခဲ့သည်။ လှည့်လည် သွားလာကာ တရားဟောဆရာအဖြစ် ဘ၀ရှင်သန်ခဲ့ပြီး “အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးသူငယ်ကဲ့သို့” (ဟေရှာ ၅၃း၇)…
အကောင်းဆုံးသောဆရာ
အနာဂတ်အတွက် ပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ လူငယ်များနှင့်စကားပြောရာ၊ “ကျွန်တော်တို့ ရင့်ကျက်ဖို့အတွက် ဘုရားတရားမရှိတဲ့ အခြေအနေ၊ ဘုရားတရားမရှိတဲ့သူတွေနဲ့ တွေ့ကြုံ သင်ခန်းစာယူနိုင်ဖို့ လောကကြီးထဲသွားရမယ်” ဟု ပြောသံကို အကြိမ်ပေါင်းများစွာ ကြားခဲ့ရသည်။ ထိုအယူအဆက မရင့်ကျက်သေးသော ခရစ်ယာန်တော်တော်များများကို လွမ်းမိုးထားပြီး တဖြည်းဖြည်းနှင့် ၎င်းတို့ကို ဘုရားနှင့်ဝေးသွားစေသည်။ ကျွန်ုပ်တို့သည် လောကထဲတွင် အမှန်ရှိ နေပါသည် (ယော ၁၇း၁၅)။ ခရစ်ယာန်အသိုင်းအ၀န်းမဟုတ်သော (ကျောင်း၊ အလုပ်ခွင်၊ အိမ်အနီးဝန်းကျင်) အခြေအနေများကြားများတွင် ရှင်သန်နေရသည်။ ထိုကဲ့သို့သော အခြေအနေ များကြားတွင် ရှိနေရ၍ ဘုရားတရားမရှိသော အတွေးအခေါ်အယူအဆများကို နားယောင် လက်မခံမိအောင် သတိပြုရန်လိုသည်။ ဆာ ၁း၁ မှ ဘုရားသခင်၏ နည်းလမ်း၊ အကြံပြုချက်ကို လိုက်နာခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးအလျင်အမြန် ရင့်ကျက်လာလိမ့်မည်။
(၁) “မတရားသောသူတို့၏ တိုက်တွန်းအကြံပေးချက်” က မိမိ၏ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်များကို မထိန်းချုပ်စေနှင့်။ (၂)…
ဒေါင်းမျိုး
ဥဒေါင်းငှက်အထီးများသည် သက်တံ့ရောင်နှင့် စိမ်းပြာရောင် အမွေးအတောင်များရှိပြီး အတောင်အဖျားတွင် ရွှေရောင်၊ အနီရောင်၊ အပြာရောင်များကွန့်မြူးလျက်၊ ရှည်လျားသော ၀တ်ရုံပမာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပသော သတ္တ၀ါမျိုးဖြစ်သည်။ ၎င်းတို့သည် သိသိသာသာ လှပသည့်ငှက်များဖြစ်သော်လည်း ၎င်းတို့၏ ခြေထောက်မှာ အရုပ်ဆိုးလှသည်။
ရိုးရိုးသားသား ၀န်ခံရလျှင် ကျွန်ုပ်တို့အများစုတွင်လည်း ရုပ်ပိုင်းဆိုင်ရာအားနည်းချက် ကိုယ်စီရှိကြပြီး၊ ၎င်းသည်ဘ၀တစ်လျှောက်လုံး ရှိခဲ့သောအားနည်းချက်(သို့) မကြာမီကမှသိရှိ ရသောအချက် ဖြစ်ကောင်းဖြစ်မည်။ ရှင်ပေါလုက သူ၏အားနည်းချက်သည် သူ့ကို နှိမ့်ချစေသော “ကိုယ်၌စူးသောဆူး” (၂ကော ၁၂း၇-၉) ဟုဖော်ပြခဲ့သည်။ ဘုရားသခင်ကို ပို၍ အစေခံနိုင်မည် အထင်နှင့် ထိုဆူးကိုဖယ်ရှားပေးရန် သခင်ဘုရားထံ သူသုံးကြိမ်တိုင်ဆုတောင်းခဲ့သည်။ သို့သော် သခင်က သူ့အား “ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ် ၌ စုံလင်တတ်သည်။” ဟု အသေအချာမိန့်တော်မူသည်တွင် ရှင်ပေါလုက “ထို့ကြောင့် ခရစ်တော် ၏ တန်ခိုးတော်သည်…
မိတ်ဆွေစက်ဝိုင်း
အော်တစ်စမ် အထီးကျန် စိတ်ဝေဒနာသည် ကျောင်းသားများသည် ဖယ်ကြဉ်ခံရသည်၊ လျစ်လျူရှုခံရသည်ဟု ခံစားရသည်။ ၎င်းတို့သည် စည်ကားသည့်စားသောက်ဆိုင်တွင် များသော အားဖြင့် တစ်ယောက်တည်း စားသောက်လေ့ရှိကြသည်။ အကြောင်းမှာ အခြားကျောင်သားများ က သူတို့ကို မည်သို့ဆက်ဆံရမည်ကို မသိခြင်း(သို့) သူတို့ကို သာမန်ဂရုမစိုက်ဘဲ နေလိုက်ခြင်း ကြောင့် ဖြစ်သည်။ ထိုကြောင့် စကားပြောကာ ဝေဒနာကို ကုသပေးသည့် ကျွမ်းကျင်ပညာရှင် ဘာဘရာ ပယ်လယ်လစ် က ဝေဒနာရှင် ကျောင်းသားများနှင့် ဝေဒနာသည်မဟုတ်သည့် ရွယ်တူ ကျောင်းသားများကို နေ့လည်စာအတူ စားရန်၊ လူမှုရေးလုပ်ငန်းများတွင် အတူပါဝင်ရန် တွဲဖက်ပေး သည့် “မိတ်ဆွေစက်ဝိုင်း” ဆိုသည့် အစီအစဉ်ကို အစပြုပေးခဲ့သည်။ ဤကဲ့သို့ပြုလုပ်ပေးခြင်းဖြင့် အထူးဂရုစိုက်မှုလိုအပ်သော ကျောင်းသားများနှင့် ၎င်းတို့ကို မိတ်ဆွေဖွဲ့ခြင်း၊ နားလည်စာနာခြင်း ဖြင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်ပြီး ပြောင်းလဲလာကြသည်။
ထည့်ဝင်ရေတွက်ခံရခြင်း အပါအ၀င် ဖြစ်ခြင်းသည် ခရစ်တော်၏…
အဖြေမရ
အဖြေမရသေးသော ဆုတောင်းချက်များနှင့်ပတ်သက်၍ နားလည်နိုင်အောင် ကျွန်ုပ် တော်တော် ကြိုးစားရသည်။ သင်လည်းသဘောပေါက်မည်ပင်။ ဆေးစွဲနေသောသူငယ်ချင်း အတွက်၊ မိမိချစ်သောသူ၏ ကယ်တင်ခြင်းအတွက်၊ ရောဂါသည်ကလေးပြန်နေကောင်းရန်၊ ပေါင်းသင်းဆက်ဆံရေး ပြန်ကောင်းလာရန် စသည်ဖြင့် ဆုတောင်းပြီး၊ ထိုဆုတောင်းများသည် ဘုရားအလိုတော်ရှိသည်ဟု သင်တွေးမိမည်။ နှစ်ပေါင်းများစွာ ဆုတောင်းသော်လည်း ဘာအဖြေ မှမရ၊ ဘာရလဒ်မှလည်း မမြင်ရပါ။
ထိုအခါ ဘုရားသခင်သည် တန်ခိုးနှင့်ပြည့်ပြီး ယခုတောင်းလျှောက်ချက်သည် ကောင်း သောကိစ္စများဖြစ်ကြောင်း ကိုယ်တော့်ကို သင်သတိပေးရင်း၊ ဆုတောင်းရင်း၊ သင်စောင့်စားသည်။ ထို့နောက် ဘုရားသခင်က ဆုတောင်းသံကို မကြားဘူး၊ ထင်သလောက် တန်ခိုးမရှိတာ ဖြစ်မယ် စသည်ဖြင့် သံသယ၀င်မည်။ ထို့ကြောင့် ရက်ပေါင်းလပေါင်းများစွာ သင်ဆုမတောင်းဘဲ နေမိမည်။ ထိုသို့ သံသယ၀င်မိ၍ အပြစ်ရှိသည်ဟု သင်ခံစားရပြီး၊ မိမိလိုအပ်ချက်များကို သူ့ထံယူဆောင် လာရန် ကိုယ်တော်အလိုရှိကြောင်း ပြန်အမှတ်ရကာ တဖန် သခင့်ထံဆုတောင်းတော့သည်။
လုကာ…
အဆင်ပြေသော အသက်တာလမ်းညွှန်
မိဘများက သားသမီးများပျော်ရွှင်အောင် အလွန်ကြိုးစားပြီး လုပ်ဆောင်ပေးနေပါသလား။ ဤသို့ ကြိုးစားခြင်းက ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကို ဖြစ်စေသလား။ ဤမေးခွန်းများက “မပျော်ရွှင်သော အရွယ်ရောက်လူငယ်များ” အကြောင်း ရေးသားသူ စာရေးဆရာမ လိုရီဂေါ့လိုင်း နှင့် တွေ့ဆုံမေးမြန်းရာ၌ အဖွင့်ပဏာမ မေးခွန်းများဖြစ်ပါသည်။ သားသမီးများကို ၀မ်းနည်းခြင်း၊ ရှုံးနိမ့်ခြင်းများ ခံစားရရန် အခွင့်မပေးသော မိဘသည် သားသမီးများကို လောကအကြောင်း မှားယွင်းသောအမြင်ပေးနေခြင်းဖြစ်ပြီး၊ လက်တွေ့တွင် ကြမ်းတမ်းခက်ခဲသော အရွယ်ရောက် လူငယ်များ၏ဘ၀ကို ရင်ဆိုင်ရန် ခက်ခဲခြင်းတွေအတွက် ကြိုတင်၍ မပြင်ဆင်ပေးပါ။ ထိုကြောင့် ထိုလူငယ်များ၏စိတ်၌ ဗလာနတ္တိခံစားမှုနှင့် သောကဝေဒနာများသာရှိသည်ဟု ကောက်ချက်ချခဲ့ သည်။
ခရစ်ယာန်အချို့က ဘုရားသခင်ကို ဒုက္ခအမျိုးမျိုးမှ ကွယ်ကာစောင့်ရှောက်ပေးသော မိဘ သဖွယ်မှတ်ယူကြသည်။ ဘုရားသခင်က ထိုကဲ့သို့သော အဖ(မိဘ) မဟုတ်ပါ။ ဘုရားသခင်သည် သူ့သားသမီးများအား ဒုက္ခများကိုလည်း ခံစားစေလိုသည့် အဖဖြစ်သည် (၁ သက် ၃း၃)။…
ကောင်းကင်နိုင်ငံသို့ ရောက်ရန် လမ်းညွှန်
ဘုရားကျောင်းမှပြုလုပ်သော ၄-၅တန်းအရွယ်ကလေးများအတွက် ကျမ်းစာသင်တန်းတွင် သင်တန်းသား(၂၅)ယောက်စလုံးကို နောက်ဆုံးနေ့၌ လက်ဆောင်ပေးရန် ကျွန်တော်ဆုံးဖြတ် ထားသည်။ သို့သော် ထိုလက်ဆောင်ကိုလိုချင်ပါက ကောင်းကင်နိုင်ငံသို့ မည်သို့ရောက်နိုင်သည် ဆိုသည့် မေးခွန်းကို ဖြေဆိုရမည်ဖြစ်သည်။
(၉-၁၀)နှစ်အရွယ် ကလေးများထံမှ ကြားရသောအဖြေများက အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်။ ကလေးအများစုက သခင်ယေရှုခရစ်တော်ကို ယုံကြည်မှသာ ကယ်တင်ခြင်းရမည် ကို ရှင်းလင်းစွာသိရှိကြသည်။ သို့သော်ကလေးအချို့ကမူ မသိသေးကြောင်းလည်း တွေ့ရသည်။ ကလေးတစ်ဦးက “လိမ်လိမ်မာမာနေပြီး ဘုရားကျောင်းကိုသွားရမည်” ဟုပြောသည်။ နောက်တစ်ဦး က “ဘုရားသခင်ထံဆုတောင်းရမည်။” ဟုပြောသည်။ အခြားတစ်ဦးကတော့ “သူငယ်ချင်းတွေ အပေါ်ကောင်းပြီး မိဘစကားကိုနားထောင်ရင် ကယ်တင်ခြင်းခံရမယ်” ဟုဆိုသည်။ ထိုကလေးများ၏အသိ နားလည်ထားမှုကို ဖြည်းဖြည်းချင်း ပြန်၍တည့်မတ်ပေးကာ၊ ကျွန်ုပ်တို့အပြစ်များအတွက် လက်ဝါးကားတိုင်၌ အသေခံပြီး ရှင်ပြန်ထမြောက်သော သခင်ယေရှုကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်ရကြောင်း အဓိကအချက်ကို ပြန်ရှင်းပြပြောပြသည်။ ထိုကလေးများသည် ဧ၀ံဂေလိတရားကို နားမလည်သည့်…